Monday, December 3, 2007

ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရေးထားတဲ့ ရင်တွင်းဖြစ်လေးပါ

မှုန်ဝါးဝါး စိတ်ကူးအိမ်မက်

လွမ်းရမှာ တစ်ခုကလွဲရင်ပေါ့
ငါ……ဘာကိုမှ မကြောက်ပါဘူး။
ငါ့ဘေးနားမှာ နင်ရှိနေရင်ပေါ့
အရာအားလုံးဟာ လှပနေ
ငါ……ဘာကိုမှ မကြောက်ပါဘူး။
အိမ်မက်ဆိုးတွေ မက်ခဲ့ရင်တောင်
ငါနိုးထလာလို့ နင်ကိုမြင်လိုက်ရတဲ့အခါ
အိမ်မက်ဟာပျောက်ရှ သွားမှာမို့
ငါ….ဘာကိုမ မကြောက်ပါဘူး။
လောကရဲ့ လမ်းကြမ်းတွေထက်
ငါဟာ လဲပြိုခဲ့ရင်တောင်
ငါ့ကို ဖေးကူပေးမယ့်
နင့်ရဲ့ အကြင်နာလက်တစ်ခု ရှိနေမှာမို့
ငါ….ဘာကိုမှ မကြောက်ပါဘူး။
အိမ်ပြန်ချိန်တွေ နောက်ကျခဲ့ရင်တောင်
နွေးထွေးတဲ့ နင့်ရဲ့အပြုံးတို့နဲ့
ငါ့ကိုစောင့်ကြိုနေမှာမို့
ငါ…..ဘာကိုမှ မကြောက်ပါဘူး။
ဒါပေမယ့်……….အခုတော့
ငါလေ…………လွမ်းတဲ့စိတ်တစ်ခုနဲ့တင်
အရာအားလုံးကို ကြောက်ရွံ့နေခဲ့မိတယ်……..။
ကဝေ

ကို ကဝေ က ကျနော့်ရဲ့ သူငယ်ချင်း ပါ သူ့ ရဲ့ ရင်တွင်းဖြစ်လေးကို ကျနော့်ကို ပေးသုံးတဲ့ အတွက်
ကျေးဇူးပါ ပဲ ။နောက်ထပ်ရှိသေးရင် ပေးပါအုံး